Tuesday, June 16, 2009

ချယ်လ်ဆီးအသင်းမှ ခေါ်ယူရန်စိတ်ဝင်စားနေတဲ့ ပါတို အေစီမှာပဲ ပျော်ရွှင်နေ

ချယ်လ်ဆီး အသင်းကခေါ်ယူရန်စိတ်ဝင်စားနေတဲ့ လူငယ်တိုက်စစ်မှုးလေး ပါတို


ချယ်လ်ဆီး အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသည့် အေစီမီလန် အသင်း၏ လူငယ် တိုက်စစ်မှူးလေး ပါတိုက အေစီမီလန် အသင်းတွင်သာ ဆက်ရှိနေရန် လိုလားပါကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အေစီမီလန် နည်းပြဟောင်း ဖြစ်သူ အန်ဆလော့တီ အနေဖြင့် တပည့်ဟောင်း ပါတိုအား ချယ်လ်ဆီးသို့ အရောက် ခေါ်ယူရန် စိတ်ဝင် စားနေသော်လည်း ပါတိုက ယခုကဲ့သို့ တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အသက် ၁၉နှစ် အရွယ် ဘရာဇီးလ်သားလေး ပါတိုက "ကျွန်တော် မီလန်မှာ ဆက်ရှိနေရတာကို ပျော်ပါတယ်။ သူတို့တွေ ဘာပြောပြော ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့် အနေနဲ့ မီလန်နဲ့ စာချုပ်ချုပ်ဆို ထားတာ ရှိပါတယ်။ ဒါကို ကျွန်တော် လေးစားပါတယ်။ ကျွန်တော့် အနေနဲ့ မီလန်နဲ့ အတူ အောင်မြင်မှုတွေ ရယူချင်ပါတယ်" ဟု ပြောကြား သွားခဲ့သည်။

ပါတိုသည် လက်ရှိ အချိန်တွင် ဘရာဇီးလ် အသင်းနှင့် အတူ ၂၀၀၉ ကွန်ဖက်ဒရေးရှင်း ဖလား ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နေသည့် ကစားသမား တစ်ဦးလည်း ဖြစ်သည်။



ပြန်ခေါက်ထားရန်

No comments:

Post a Comment